Thursday, 26 November 2015

ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်









ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ပါ တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသောရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တ်ု့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒီနေ့ည လမွန်းတဲ့ချိန်မှာ ဆေးပေါင်းခအောင်စားမဲ့ မယ်ဇလီဖူးသုပ် အကြောင်းလေးကို အရင်နှစ်က ရေးထားတဲ့စာလေးဘဲ ပြန်ကူးပြီး တင်ပေးလိုက်ပါတယ်။

မယ်ဇလီဖူးသုပ်ရာတွင် ပါဝင်သောပစ္စည်းများ

  • နူးနေအောင်ပြုပ်ပြီး ငရုတ်ဆုံထဲ ထည့်ပြီး ညက်နေအောင် ထောင်းထားသော မယ်ဇလီဖူး - လက်ဖက်ရည်ပန်းကန် တလုံးမောက်မောက်
  • ပါးပါးလှီးထားသော ကြက်သွန်နီ -အနေတော် တလုံး
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အနေတော် တလုံး
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း အားလုံးတို့ကိုရောနယ်ပြီး ခပ်ဖွဖွနယ်ကာ သုပ်ထားပါတယ်

No comments:

Post a Comment