Saturday, 21 November 2015

ထောပါတ်ထမင်း မွှေးမွှေးလေး



ဒီနေ့တော့ ရသာစုံ ထောပါတ်ထမင်း အလွယ်ချက်နည်းလေး မျှဝေပေးပါမယ် ဟင်းမလိုလောက်အောင်ကို စားကောင်းတဲ့ ထမင်းမို့လို့ ချက်စားကြည့်စေချင်ပါတယ်။

သုံးယောက်စာအတွက် ပါဝင်ပစ္စည်းများ
  • ရေဆေးထားသောBasmati ဆန် - ထမင်းပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
  • ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တလုံး
  • ဓါးပြားရိုက်ထားသောကြက်သွန်ဖြူ - သုံးမွှာ
  • သစ်ဂျပိုးခေါက် - တလက်မ
  • လေးညှင်း - နှစ်ပွင့်
  • ဖာလာ - နှစ်ခု
  • ကရဝေးရွက် - သုံးရွက်
  • စပျစ်သီးခြောက် -  လက်ဖက်ရည်ပန်းကန် တ၀က်သာသာ
  • အတုံးလေးများ လှီးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန် တလုံး
  • ထောပတ် - 30 g 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်(သို့) သကြား ထမင်းစားဇွန်း တဇွန်း
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ခြောက်ဗူး

  • ပြင်ဆင်ချက်ပြုပ်ပုံ

  • ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကိုအပူပေးပြီး ပျော်လာပါက သစ်ဂျပိုးခေါက်
    ကရဝေးရွက် ဖာလာနှင့်လေးညှင်းပွင့်တို့ကို လေးငါးချက်လောက်
    ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ
  •  ပြီးမှကြက်သွန်ဖြူ နီကိုအရင်ဆုံး မိနစ်ဝက်လောက်ဆီသတ်ပေးပါ 
  • နောက်ဆုံးမှ မုံလာဥနီနှင့်စပျစ်သီးခြောက် တို့ထဲ့ကာ တမိနစ်လောက်ဆီသတ်ပေးပါ
  • အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းများထဲ့ပေးပါ
  • သီးစုံဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ထဲ့ကာ ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးနဲ့ ချက်ပေးပါ
  • ထမင်းကျက်ပါက အရသာမွှေးမွှေးလေးနဲ့ ထောပါတ်ထမင်းကို ရပါပြီ
  • ကြက်သားဟင်း ချဉ်ပေါင်ဟင်းချိုတို့နှင့် တွဲဖက်ပြီးစားပါက နတ်သုဒ္ဒါအလား ကောင်းလွန်းပါတယ်။




No comments:

Post a Comment