Wednesday, 31 May 2017

မှို ပဲကြာဇံ​ကြော်


အသားမစားချင်တဲ့နေ့တွေမှာ အခုလို ပဲကြာဇံနဲ့မှိုအညိုလေးရောကာ ကြော်စားရတာလဲ အရသာတမျိုးလေးပါဘဲ ထမင်းပူပူလေးနဲ့ စားရတာ ပိုပြီးအဆင်ပြေတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • ၁နာရီခန့်ရေမြုပ်အောင် စိမ်ထားသော ပဲကြာဇံ - 100g
  • အနေတော် လှီးထားသော မှိုအညို - နှစ်သက်သလောက်
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း  ၂ဇွန်း
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကို ရေစစ်ပြီး ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 

    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက  လှီးထားသောမှို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံ ပျော့လာပြီဆိုတာနဲ့ အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင် ပဲကြာဇံကြော်လေးရပါပြီ။

No comments:

Post a Comment