Monday, 8 May 2017

ဝက်ခေါက်သုပ်



ဝက်သားတန်းရောက်တော့ ၀ယ်မှာကတော့ ၀က်သားပါဘဲ ဒါပေမဲ့လဲ ၀က်ခေါက်တွေပါ မြင်ရပြန်ရော ဒီတော့လဲ မနေနိုင် မထိုင်နိုင် ၀ယ်လာပြီး ချဉ်ငံစပ်လေး သုပ်မိပြန်ပါလေရောပေါ့ ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းလို့ ၀က်ခေါက်သုပ်နည်း ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ၀က်ခေါက် - 250g
  • ကရဝေးရွက် - ၃ရွက်
  • ဖာလာ - ၂စေ့
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ချင်း - လက်တဆစ်ခန့်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ဂေါ်ဖီ - တစိတ်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • သခွားသီး - အနေတော် တလုံး
  • ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း

ဝက်ခေါက်ပြုပ်ရန်

  • ၀က်ခေါက်ကို ရေစင်အောင်ဆေးပြီး အနေတော် ပိုင်းပေးပါ
  • ပိုင်းထားငော ၀က်ခေါက်များကို ဆားနှင့် ခနောကြက်သားမှုန့်ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်ထားသော ၀က်ခေါက် ကရဝေးရွက်နှင့်ဖာလာထည့်ကာ ရေမြုပ်အောင်ထည့်ပြီး မိနစ်၃၀လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးချပြီး အအေးခံထားပြီး အနေတော် ပုံပါအတိုင်း လှီးထားပါ


ပြင်ဆင်ပုံ

  • ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  • သခွားသီးကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  • ၀က်ခေါက်လှီးပြီးသားကို ပြင်ထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတလုံးထဲမှာ လှီးထားသော ၀က်ခေါက်များ ကြက်သွန်  ဂေါ်ဖီ ငရုတ်သီးစိမ်း သခွားသီး အချိုမှုန့် ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ၀က်ခေါက် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ

No comments:

Post a Comment