Wednesday, 24 May 2017

ဝက်သား ကုန်းဘောင်ကြီးကြော်



ကုန်းဘောင်ကြီးကြော်လို့ ပြောပေမဲ့ ကော်ရည်လေး ခပ်စိုစိုထည့်ပြီး ကြော်ထားတဲ့အတွက် တစ်မျိုးထဲနဲ့ အစုံပါသွားစေမဲ့ ဟင်းလေးပါ လွယ်ကူမြန်ဆန် ချက်ရလွယ်တဲ့ ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့ အစဉ်ပြေစေမဲ့ ၀က်သားကုန်းဘောင်ကြီးကြော် ကြော်ဖြစ်သွားလို့ စားမြိန်ဟင်းလေးအတွက် ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်သေးသေး အရှည်အမြှောင်း အတုံးလေးတွေ တုံးထားသော ၀က်သား - 250 g
  2. ခပ်သေးသေး ရှည်ရှည်လေးတွေ လှီးထားသောမုံလာဥနီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  3. လေးထောင့်အဖတ်လေးတွေ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. လက်တစ်ဆစ်ခန့်လှီးထားသောကြက်သွန်မိတ် - တစ်ပင်
  6. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ဆယ်ခက်ခန့် 
  7. ခပ်ရှည်ရှည်လေးတွေ လှီးထားသော ပဲသီး - ငါးတောင့်
  8. နုတ်နုတ်စဉ်းထားထေားသောချင်း - လက်တစ်ဆစ်ခန့်
  9. ခပ်စောင်းစောင်း လှီးထားသော ဆယ်လာရီ - တစ်ထွာခန့်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
  12. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  13. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  15. ငရုတ်သီး အခြောက်တောင့် - ဆယ်တောင့်ခန့်
  16. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဝကာသာသာ

ပြင်ဆင်ပုံ
  • ပထမဆုံး ဆီကိုအပူပေးပါ ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ ထိုဆီထဲမှာ ဘဲ ၀က်သားကို ထဲ့ကြော်ပေးပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ၀က်သားကို ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာတည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ နှင့် ချင်းတို့ကို တမိနစ်လောက် ထဲ့မွှေပေးပါ
  • ပြီးတာနဲ့မုံလာဥနီ ပန်းဂေါ်ဖီ ဆယ်လာရီ ပဲသီး ကြက်သွန်နီတို့ကိုထဲ့ တမိနစ်လောက် ထဲ့ကြော်ပါ
  • ကြက်သွန်မိတ် ငရုတ်သီးခြောက်ကြော်တို့ထဲ့ပြီးတာနဲ့ ဆား ငံပြာရည် သကြား ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက်ထဲ့ပြီး မွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး ကော်ရည်လောင်းထည့်ကာ ကော်ရည်ပြစ်တာနဲ့ မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သော ၀က်သား ကုန်းဘောင်ကြီးကြော် ရပါပြီ။

No comments:

Post a comment