Thursday 25 May 2017

Chocolate coconut balls








အိမ်ပြောင်းဖို့ ပစ္စည်းတွေသိမ်းရင်း ရေခဲသေတ္တာထဲက ပစ္စည်းတွေ ထုတ်လိုက်တော့ ချောကလက်တွေ အုန်းသီးထုတ်တွေ ထွက်လာတာနဲ့ ရတဲ့အချိန်လေး အကျိုးရှိအောင် သုံးလိုက်တဲ့ ချောကလက် အုန်းသီးလုံးလေးတွေ လုပ်ဖြစ်သွားပါတယ် တစ်ခါတစ်ရံ စိတ်ပြောင်းစိတ်လွဲလေး စားရအောင် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချောကလက် အဖြူ - 180 g တစ်ချောင်း
  2. အုန်းသီးမှုန့် - 200 g (ready made )
  3. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. Vanilla - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နို့ - ထမင်းစားဇွန်း သုံးဇွန်း
  7. ရေနွေး - သင့်ရုံ( ဆောင်ထားရန်)

ပြင်ဆင်ပုံ
  • အိုးတစ်လုံထဲမှာ ချောကလက်ကို ချိုးဖဲ့ပြီး ထည့်ပေးပါ
  • အရသာ မနယ်ခင် အုန်းသီးမှုန့် ထမင်းစားဇွန်း ငါးဇွန်းခွဲစာ ချန်ထားပါ
  • ချောကလက် ထည့်ထားသော အိုးထဲမှာ ဆား သကြား Vanilla အုန်းသီးမှုန့်နှင့် နို့တို့ကိုထည့်ကာ ချောကလက် ပျော်ရုံလေး အပူပေးပါ
  • ပြီးတာနဲ့ ခပ်နွေးနွေး အနေအထားမှာ သမအောင် နယ်ပေးပါ
  • ရေအရမ်း မများအောင် သတိထားပေးပါ ရေအရမ်းများပါက ပျော့ပြီးလုံးရ ခက်တတ်ပါတယ်
  • ရေနွေးနွေးလေး ဆောင်ထားပါ
  • အရသာ နယ်ရာမှာ အုန်းသီးဖတ်များ အပျော့လိုနေသေးပါက ရေနွေးကို နည်းနည်းချင်း ထည့်နယ်ပေးပါ
  • အရသာ နယ်ပြီးပြီ ဆိုတာနဲ့ ဇလုံကို cling wrap နှင့်အုပ်ကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ တနာရီခွဲလောက် ထားပေးပါ
  • အရသာ နှပ်ထားချိန် ပြည့်ပါက လက်ကိုရေစွတ်ပြီး အနေတော် အလုံးလေးတွေ လုံးကာ ချန်ထားသော အုန်းသီးမှုန့်ထဲမှာ လူးပေးပါ
  • အားလုံးပြီးသွားတာနဲ့ လေလုံသည့် ဘူးလေးထဲထည့်ကာ ရေခဲသေတ္တာထဲမှာ ထည့်ထားကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment