Sunday, 28 May 2017

အမဲနှစ်လုံး ချဉ်ငံစပ်သုပ်



ဒီနေ့တော့ အမဲနှစ်လုံးလေးပြုပ်ပြီး ချဉ်ငံစပ်လေး သုပ်စားဖို့ ပြင်ဆင်မိတာကြောင့် ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲနှစ်လုံး - 350g
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်း - လက်တဆစ်ခန့်
  • ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ဂေါ်ဖီ - တစိတ်
  • မုံလာဥနီ - အနေတော် တဥ
  • နံနံပင် - နှစ်သက်သလောက်
  • ချယ်ရီခရမ်းချဉ်သီး - ၇လုံးခန့်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • သခွားသီး - အနေတော် တလုံး
  • ငရုတ်ဆီအချဉ် - ထမင်းစားဇွန်း တဇွန်း
  • သံပုရာသီး - တခြမ်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း

အမဲနှစ်လုံးပြုပ်ရန်

  • အမဲနှစ်လုံးကို ရေစင်အောင်ဆေးပြီး ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါးလှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းပါက အအေးခံထားပြီး ခပ်ပါးပါး လှီးထားပါ


ပြင်ဆင်ပုံ

  • ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • သခွားသီးကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ ခြစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • နံနံပင်ကို အနေတော် လှီးထားပါ
  • အမဲနှစ်လုံးကို အနေတော် လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတလုံးထဲမှာ အမဲနှစ်လုံးများ ကြက်သွန် ကြက်သွန်ဖြူ  နံနံပင် ငရုတ်သီးစိမ်း ဂေါ်ဖီ ငရုတ်သီး အလှော်မှုန့် သခွားသီး အချိုမှုန့် ငရုတ်ဆီအချဉ် ငံပြာရည် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာနယ်ပေးပြီးပါက အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ အမဲနှစ်လုံး ချဉ်ငံစပ်အသုပ်ကို  စားပွဲပြင်ပေးနိုင်ပါပြီ ။

No comments:

Post a Comment