Saturday, 20 May 2017

ပြောင်းဖူးထောင်း


တခါတလေ အသီးအရွက်ထောင်းလေးတွေ ထောင်းစားရတာ ဒီအတိုင်းလေးဘဲစားစား ထမင်းဖြူလေးနဲ့ဘဲစားစား စားလို့အရမ်းကောင်းပါတယ် ယိုးဒယားမိတ်ဆွေတွေ ထောင်းတဲ့နည်းအတိုင်း ထောင်းထားလို့ စားမိန်ဟင်းလေးတမယ်တော့ ဖြစ်လာမှာ သေချာပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး - တဖူး
  • သင်္ဘောသီး ခြစ်ပြီးသား - လက်ဖက်ရည်ပန်းကန်လုံး တလုံးမောက်မောက်
  • မုံလာဥနီ ခြစ်ပြီးသား - လက်ဖက်ရည် ပန်းကန်လုံး တလုံးမောက်မောက်
  • ချယ်ရီခရမ်းချဉ်သီး - ၅လုံးခန့်
  • ပဲတောင့်ရှည် - ၅တောင့်ခန့်
  • ကြက်သွန်ဖြူ - ၃မွှာ
  • ပုဇွန်ခြောက် - ၁၅ကောင်ခန့်
  • ငရုတ်သီး အခြောက်တောင့် - ၇တောင့်ခန့်
  • ထန်းလျှက်ခဲ - တခဲ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - အနည်းငယ်
  • သံပုရာသီး - တခြမ်း
  • ကြက်ဥ -၂လုံး
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို ကျက်အောင်ပြုပ်ပြီး ဓါးနှင့်လှီးချပေးထားပါ
  • သင်္ဘောသီး ခြစ်ပြီးသားနှင့် မုံလာဥနီ ခြစ်ပြီးသားကို ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးထားပါ
  • ငရုတ်သီး အခြောက်တောင့်ကို ရေဆေးထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ကြက်ဥကို အခွံခွာပြီး အနေတော် စိတ်ပေးထားပါ
  • ကျန်လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ အရင်ဆုံး ငရုတ်သီးတောင့်နှင့် ပုဇွန်ခြောက်ကို မညက်တညက် ရအောင် ထည့်ထောင်းပါ
  • ပြီးတာနဲ့ထန်းလျှက်ခဲ မုံလာဥနီ သင်္ဘောသီး ပဲသီးတို့ကို ခပ်ဖွဖွ ထည့်ထားပါ
  • ထောင်းထားတာတွေကို သမအောင် ဇွန်းနဲ့မွှေပေးပြီး ခရမ်းချဉ်သီး ဆား ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ကာ ခပ်ဖွဖွထည့်ထောင်းကာ ဇွန်းနှင့်သမအောင် မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာပြင်ပြီးတာနဲ့ ပန်းကန်တခုထဲထည့်ကာ ကြက်ဥကိုထည့်ပေးပြီး ပြောင်းဖူးထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။


No comments:

Post a Comment