Monday, 15 May 2017

မုံလာဥ အစိမ်းသုပ်




မုံလာဥတွေ ၀ယ်လာတာ များသွားတယ် ဒါကြောင့်မို့လို့ အလုပ်တော့ နည်းနည်း များသွားပါတယ် ချဉ်ရည်ဟင်း တမယ်ချက် အချဉ်တပုလင်းတည်ပြီး ပိုတာကို အစိမ်းသုပ်လေး သုပ်လိုက်ပါတယ်။

ထမင်းဝိုင်းမှာ အသုပ်တပွဲလောက်ပါမှ အဆင်ပြေမယ်ဆိုတဲ့ မိသားစု ထမင်းဝိုင်းလေးအတွက် အရမ်းကို အဆင်ပြေစေမဲ့ အသုပ်မျိုးဖြစ်ကာ ချဉ်ငံစပ်ပြီး ကြွတ်ကြွတ်မွှေးမွှေးလေးမို့လို့ မုံလာဥလေးများ အဆင်သင့်ရှိရင်တော့ သုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုံလာဥ - ဥကြီးကြီး တဥ
  • သံပုရာသီး - တစိတ်
  • နံနံပင် - အနေတော် ၄ပင်ခန့်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တဇွန်းသာသာ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး သေးသေးမျှင်မျှင်လေးတွေရအောင် ခြစ်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပါဝင်ပစ္စည်း အားလုံးပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ မုံလာဥ အစိမ်းသုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment