Wednesday 10 May 2017

ပန်းသီးထောင်း


နေ့လည်နေ့ခင်း အပျင်းပြေ စားနိုင်ဖို့ ပန်းသီးစိမ်း လတ်လတ်ဆတ်ဆတ်လေးတွေကို ချိုချဉ်ငံစပ်လေး ထောင်းထားပါတယ် မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး စားနိုင်အောင် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အစိမ်းရောင် ပန်းသီး - အနေတော် ၂လုံး
  2. သကြား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ပန်သီးကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် တစ်လုံးလုံးကို လိုက်ပေါက်ပေးပါ
  • ပန်းသီးတစ်လုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ခပ်ဖွဖွ ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • ထောင်းပြီးတာနဲ့ အရသာ သမသွားအောင် ဇွန်းနှင့်မွှေပေးပါ
  • ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာပါဝင်တဲ့ ပန်းသီးစိမ်ထောင်းလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment