Monday, 29 May 2017

ခရမ်းသီး မီးဖုတ်သုပ်




သတ်သတ်လွတ် စားသူတွေအတွက် အရမ်းကို လွယ်ကူမြန်ဆန်ကာ စားလို့ကောင်းလွန်းပြီး ထမင်းမိန်စေမဲ့ ခရမ်းသီးမီးဖုတ်သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး - အလုံးကြီးကြီး တလုံး
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • နံနံပင် - နှစ်သက်သလောက်
  • ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲဆီစိမ်း - ထမင်းစားဇွန်း တဇွန်းခွဲ
ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာ ထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ထဲထည့်ပြီး ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • ဖုတ်ထားသော ခရမ်းသီးကို ဇလုံတခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ  ပါဝင်ပစ္စည်း အားလုံးကိုထည့်ပါ
  • ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပဲဆီနှင့် ငရုတ်ကောင်းနံ့ သင်းပျံ့နေသော ခရမ်းသီးမီးဖုတ်သုပ် မွှေးမွှေးလေးကို သတ်သတ်လွတ်ဟင်းတမယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment