Friday, 26 May 2017

မုန်လာဥ သီးစုံချဉ်ရည်ဟင်း





ဒီနေ့တော့ အိမ်ရှင်မတွေ အရည်သောက်ဆမ်း ဟင်းတမယ်အတွက် စိတ်မပူရလေအောင် မစားရတာ ကြာပြီဖြစ်တဲ့ ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပြန်ပါပြီ ထမင်းစားမိန်စေတဲ့ ဟင်းလေးဖြစ်လို့တခါတခေါက်လောက်တော့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • မုံလာဥ - လှီးပြီးသား တရုတ်ဟင်းပြင်ပန်းကန် အလတ် တလုံးစာ
  • ပဲသီး - ၅တောင့်
  • မျှစ် - ခပ်သေးသေး၂ပင်ခန့်
  • ပန်းဂေါ်ဖီ - တစိတ်
  • မုံလာဥနီ - အနေတော် တဥ
  • ရုံးပတေသီး - ၁၅တောင့်ခန့်
  • ကြက်သွန်နီ - တခြမ်း
  • ကြက်သွန်ဖြူ - နှစ်မွှာ
  • ချင်း - လက်တဆစ်၏ တဝက်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျည်းအနှစ် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ထုတ် - ၁၅ကောင်ခန့်
  • နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. မုံလာဥဖြူနှင့် မုံလာဥနီကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  3. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  4. ပဲသီးကို အညှာဖြတ်ပြီး ရေဆေးကာ အနေတော် လှီးထားပါ
  5. မျှစ်နှင့် ပန်းဂေါ်ဖီကို ရေဆေးပြီး လှီးထားပါ
  6. ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တပိုင်းပိုင်းထားပေးပါ
  7. ဇောက်နက်သောအိုးထဲမှာ လှီးထားသော မုံလာဥများ ပုဇွန်ထုတ် ခရမ်းကြွတ်သီးများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  8. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ
  9. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  10. မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  11. ရေပွက်ပွက်ဆူကာ ခရမ်းသီးနှင့် မုံလာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် ၄မိနစ်လောက် တည်ပေးပါ
  12. ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  13.  မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

No comments:

Post a Comment