Friday 19 May 2017

သင်္ဘောသီးထောင်း




ဒီတခါတော့ ယိုးဒယားသီး သင်္ဘောသီးထောင်း စစ်စစ်လေး ထောင်းပါတယ် အာတွေလျှာတွေ ဂျွမ်းထိုးသွားလောက်အောင် စပ်လွန်းလို့ အစပ်ကြိုက်တဲ့ သူတွေအတွက် အဆင်ပြေတဲ့ အသုပ်လေးဖြစ်လို့ သုပ်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  3. မြေပဲလှော် - အစေ့၂၀ခန့်
  4. ငရုတ်သီးစိမ်း - ၇တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
  5. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် ၃ခဲ
  6. ကြက်သွန်ဖြူ  -  အမွှာကြီးကြီး ၄မွှာ
  7. ငံပြာရည်အနောက် -၂မျိုး 
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ပဲတောင့်ရှည် - ၃တောင့် 
  10. ချယ်ရီရမ်းချဉ်သီး - ၁၀လုံးခန့်
  11. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး တစ်ဝက်စီ ခြမ်းထားပါ
  • မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ငရုတ်သီးအခြောက်နှင့် ပုဇွန်ခြောက်ကို မညက်တစ်ညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကိုရေစင်အောင်ဆေးပြီး မညက်တစ်ညက် ရောထောင်းပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ရောထောင်းပါ
  • ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ
  • ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၁၀ချက် အချက်၁၂ချက်လောက် ထောင်းရင်ရပြီး သစ်သားကျည်ပွေ့ဆိုပါက အချက် ၃၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ပုံတွင်ပြထားသော ငါးငံပြာရည်၂မျိုးကို ထမင်းစားဇွန်း ၂ဇွန်းသာသာစီနှင့် ဆားပါ ထည့်ပေးပါ
  • သင်္ဘောသီး ထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကိုလဲထည့်ပြီး ၅ချက်လောက် ထောင်းပေးပြီးရင် ဇွန်းနှင့် သမအောင်နယ်ပေပြီးရင် ရပါပြီ
  • စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်
  • စပ်စပ်မွှေးမွှေး ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီ။

No comments:

Post a Comment