Saturday 27 May 2017

ကပ်သပိုး ရေချိုသောက်ဆမ်းဟင်း


ကပ်သပိုးငါးလေးတွေရတော့ ငရုတ်သီး စပ်ကျဉ်းနဲ့ ရေချိုသောက်ဆမ်းဟင်းလေး ချက်မိသွားခဲ့တယ် ကပ်သပိုးငါးအသားက အရမ်းနုလေတော့ ချက်တဲ့အခါမှာ သတိထားပြီး ချက်ရတာမို့လို့ မာမာချက်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကပ်သပိုး - 400 gm
  2. ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  4. ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  7. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  9. ဆီ ထမင်းစားဇွန်း - သုံးဇွန်းသာသာ
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ဘေးအတောင်များခုတ် ဗိုက်ခွဲပြီး မလိုတာတွေထုတ်ကာ ရေစင်အောင်ဆေးပေးပါ
  • ဇလုံကျယ်ကျယ်ထဲမှာ ငါးကိုထဲ့ပေးပါ
  • ငါးထဲကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့်ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်းသာသာထဲ့ပေးပါ
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ထဲ့ပေးပါ
  • အချိုမှုန့် ထည့်ပေးပါ
  • အားလုံးထဲ့ပြီးပါက ငါးကိုအရသာဝင်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံးအပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကိုအရင်ဆုံးထဲ့ပြီးတာနဲ့ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပြီးတာနဲ့ငရုတ်သီးအရောင်တင်မှုန့်ကိုထဲ့ပြီး မိနစ်ဝက်လောက်မွှေပေးပါ
  • ငရုတ်သီးဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ငါးအရသာနယ်ကို ထဲ့ပြီးမွှေပေးပါ
  • ငံပြာရည် ထမင်းစားဇွန်းတဇွန်းထဲ့ပြီး ငါးအသားများ ကျေမသွားစေရန် ဟင်းအိုးကိုအရသာညီအောင် သာသာလေး လှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ
  • ရေဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ။

No comments:

Post a Comment