သာကူအုန်းနို့ဆမ်းလေး သောက်ချင်လာတာနဲ့ သာကူထုတ်တွေ ရှာလိုက်တော့ ထိုင်ဝမ်ကလာတဲ့ သာကူစ့ အထုတ်တွေ ထွက်လာပါတယ်။
အထုတ်မှာပါတဲ့ နည်းအတိုင်း ကျိုလိုက်တော့ အဆင်ပြေလိုက်တာ ပြောမနေပါနဲ့တော့ တံဆိပ်မတူပေမဲ့လဲ အခုလို နည်းအတိုင်း စမ်းပြီးကျိုကြည့်စေချင်ပါတယ်။
ကျိုနည်းလေးက လွယ်ပါတယ် ဒါပေမဲ့ မိမိသုံးမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
- ရေ - 600 ml (အုန်းနို့နှင့် ရောကျိုရန်)
- သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- သာကူကျိုရန် ရေနွေးဆူဆူ - ၅လီတာ
ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သက့် ပြင်ထားပါ
- ရေပွက်ပွက်ဆူလာပါက သာကူစေ့များ ထည့်ပြီး မွှေပေးပါ
- သာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
- သုံးသော သာကူများ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
- သာကူစေ့များ မျက်စေ့ ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
- သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
အုန်းနို့ကျိုရန်
- ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
- အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
- အုန်းနို့များ ပွက်ပွက်ဆူလာပြီ ဆိုပါက မီးပိတ်ပေးပါ
- ပန်းကန်တခုထဲမှာ အအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ပြင်ပေးပါ
- ပြင်ဆင်ပေးပြီးတာနဲ့ အုန်းနို့သာကူဆမ်း စိမ့်စိမ့်လေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
- အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။
No comments:
Post a Comment