Friday 3 June 2016

ပုဇွန်အကြွတ်ကြော်


ဒီတခါတော့ ကြော်နေကျ ပုဇွန်ကြော်တမယ် ကြော်ပြီး ထမင်းပူပူလေးနဲ့ စားရင်ကောင်းမလား ဒီအတိုင်းလေးဘဲ စားရင်ကောင်းမလား စဉ်းစားနေရင်း အဖြေက ထွက်မလာသေးပေမဲ့ ပုဇွန်ကြော် မွမွရွရွလေးတော့ ကြော်ဖြစ်သွားပါပြီ။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၈ကောင်
  2. Bread Crumbs. - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးမောက်မောက်
  3. ကြက်ဥ. - တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးခွဲ

ပြင်ဆင်ပုံ
  • ပုဇွန်ကိုရေဆေးပြီး အမြီှးကိုချန်ထား၍ အခွံချွတ်ကာ ခေါင်းကိုဖြုတ်ပေးပါ
  • ပုဇွန်ကြောကို ခွဲပြီးအမဲကြောင်းထုတ်ပေးကာ ဆားအရသာမှုန့်တို့နယ်ထားပေးပါ
  • ကြက်ဥကိုဖောက်ပြီး ခလောက်ထားပေးပါ
ကြော်နည်း
  • ပုဇွန်အရသာနယ်ကို ကြက်ဥအနှစ်ထဲ တကောင်ချင်းထည့်ပြီး နှစ်ပေးပါ
  • ကြက်ဥအနှစ် စိမ်ပြီးတာနဲ့ bread crumbs မှုန့်ထဲ လူးပေးပါ
  • ဒယ်အိုးထဲကို ဆီထည့်၍ မီးအပူပေးပြီး ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့လိုက်ပြီး ပုဇွန်ကို တကောင်ချင်း ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင်ဖြစ်လာပါက နောက်တဖက်ကို လှန်ပေးပြီး ရွှေဝါရောင်ဖြစ်အောင် ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်ဖြစ်ပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီးတာနဲ့နှစ်သက်သလို အချဉ်နဲ့ တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment