Tuesday 21 June 2016

အသားတုကြော်





သတ်သတ်လွတ် စားချင်သူများအတွက် အရမ်းကို အဆင်ပြေစေတဲ့ အသားတုကြော်လေးပါ စားလို့ကောင်းပြီး ကြော်ချိန်လဲ မကြာသလို ကြော်ရတာလဲ လွယ်ကူလွန်းပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ အသားတုကြော် ပူပူလေးနဲ့စားဖို့ခရမ်းချဉ်သီး ပန်ထွေဖျော်လေးနဲ့  ပြင်ဆင်ကြပါမယ်။

အသားတုကြော်က အကြော်မတတ်ရင်တော့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ အသားတုကြော်ပါဘဲ ဆီအများကြီးနဲ့ ကြော်စရာ မလိုသလို အိုးကင်းပူ တိုက်တယ်ဆိုရုံ သာသာလေး ထည့်ပြီးကြော်ရတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အသားတု  - 100 g
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပန်ထွေဖျော်ရန်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နှမ်းဆီ - ၃စက်လောက်
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • နံနံပင် - နှစ်သက်သလောက်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အခွံများ ကွဲအက်လာပြီ ဆိုတာနဲ့ အခွံများခွာကာ ရေထဲမှဆယ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် အရွယ်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ချေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆား အချိုမှုန့် နံနံပင်နှင့် နှမ်းဆီတို့ထည့်ပြီး မွှေပေးပါ
 အသားတုကြော်ရန် ပြင်ဆင်ပုံ
  1. အသားတုများကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  2. မာမာ ရေစိမ်တဲ့ အသားတုက မာတဲ့အတွက် အချိန်ကြာအောင် ရေစိမ်ရပါတယ် မြန်မာပြည်က အသားတုက အသာုးက အသားပွတဲ့အတွက် ရေစိမ်ချိန်လျှော့ပြီး စိမ်ပေးရပါမယ်   
  3. အသားတုများ ပွလာတာနဲ့ ရေကုန်အောင် ရေများညှစ်ပြီး ဇလုံတစ်လုံးထဲမှာ ဆား အချိုမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  5. ဆီအငွေ့ တက်လာတာနဲ့ အရသာ နယ်ထားသော အသားတုကို ထည့်ကြော်ပါ
  6. ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  7. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ပန်းကန်ထဲေ ပြောင်းပြီးထည့်ပေးပါ
  8. ပန်ထွေဖျော်နှင့် လိုက်ဖက်လွန်းတဲ့ အသားတုကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. အသားတုကြော်ရင်လေ ဘယ်တော့မှကြွပ်ကြွပ်လေး မရဘူးရှင့်
    ဆီတွေနဲ့ အိနေရော စားလိုက်ရင်ပဆီတွေစားလိုက်ရင်ဆီတွေများ တယ်
    ကြော်တာတော့ဆီနဲနဲနဲ့ ပဲလှိမ့်တာ
    အဲဒါဘယ်လိုကြော်ရမလဲ နည်းလမ်းလေးပေားဦးရှင့်

    ReplyDelete