မြန်မာအစာဘဲ ပါးစပ်ထဲမှာ ခံတွင်းတွေ့တတ်တဲ့အတွက် ကိုယ့်စိတ်ထဲ စားချင်သလို ပြင်ဆင်ပြီး ပါစတာကို ကျူနာဗူးနဲ့ မြန်မာမှုပြုပြီး ချက်လိုက်တော့ စားလို့တော့ အကောင်းသားပေါ့ရှင်။
တယောက်နဲ့တယောက် အကြိုက်ခြင်း မတူကြတာမို့လို့ အစားအသောက်တခုကို ကိုယ်နှစ်သလို ပြင်ဆင်ပြီး စားသောက်တာက အကောင်းဆုံးပါ ဒီနေ့တော့ လွယ်ကူမြန်ဆန်ပြီး အမြဲတမ်းမဟုတ်ပေမဲ့ ရံဖန်ရံခါ စားလို့ကောင်းတဲ့ ကျူနာပါစတာ လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- PASTA အခြောက် - 400g
- ကျူနာ - 425g
- ကြက်သွန်ဖြူ - ၃မွှာ
- ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
- သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ( ရိုးရိုးဆီသုံးလဲရ)
- ခရမ်းချဉ်သီးအနှစ် - 400g
- ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
- PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
- နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
- ကြက်ရင်ပုံသားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ခပ်နုတ်နုတ်လှီးပေးထားပါ
- ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အရင်ဆီသတ်ပေးပါ
- နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး တမိနစ်လောက် မွှေပေးပါ
- ပြီးတာနဲ့ ကျူနာအသားကိုထည့်ပြီး မွှေပါ
- ရေခမ်းအောင်မတည်ဘဲ ရေအနေတော်လောက်ရတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးပြီး မီးပိတ်ပေးပါ
- ပြုပ်ထားသောပါစတာကို ပန်းကန်ပြားထဲမှာ တပွဲစာထည့်ပြီး ကျူနာဟင်းအနှစ်ဆမ်းပြီး စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment