Saturday 25 June 2016

ပုဇွန်ကြော်



ဒီနေ့တော့ နေ့လည်လည်ခင်း အစာပြေစားရအောင် ပုဇွန်သေးသေးလေးတွေကို တန်ပူရာမှုန့်လေးနဲ့ ကြော်ပါတယ်ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပုဇွန်ကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ရေဆေးကာ အမြှီးနှင့်ခေါင်း ဖြုတ်ထားသော ပုဇွန်ခေါင်းချိုး - 300 g
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - လက်ဖက်ရည် ပန်းကန် နှစ်လုံးစာ

ပြင်ဆင်ပုံ
  • ပုဇွန်ကို အရသာမှုန့် ဆား နနွင်းမှုန့်တို့နဲ့နယ်ထားပေးပါ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • တန်ပူရာမှုန့်ဖျော်ထားသော အရည်ထဲပုဇွန်ကို ရောမွှေပေးပါ
  • ဆီကို ပူအောင်အရင်ဆုံး တည်လိုက်ပါ
  • ဆီပူလာပါက မီးအနည်းငယ်လျော့ပြီးမှ ပုဇွန်တန်ပူရာကို ဇွန်းမှုတ်နှင့်ခတ်ပါ
  • ဇွန်းမှုတ်နှင့်ခတ်ပြီး ပန်းကန်ပြားထဲထည့်ပြီး ဖြန့်ပေးပြီးမှ ဆီအိုးထဲကို ဖြေးဖြေးခြင်း တွန်းချပေးပါ
  • သိပ်အကြာကြီး ကြော်စရာမလိုဘဲ ရွှေဝါရောင်းသန်းလာနဲ့ ချက်ခြင်းဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်ပြီးတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment