မျှစ်ကို ဘယ်လိုချက်ချက် အရမ်းကြိုက်တဲ့ အစာထဲမှာ ပါတဲ့အတွက် ဒီတစ်ခါတော့ သတ်သတ်လွတ် စားသူတွေလဲ စားနိုင်အောင် ပဲပြုပ်နဲ့ရောပြီး ကြော်ထားပါတယ် စိမ့်စိမ့်လေးနဲ့ စားကောင်းလွန်းလို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြုပ်ပြီး ခပ်သေးသေးလေးတွေ လှီးထားသော မျှစ် - 500 g
- ကြက်သွန်နီ - အနေတော် တဥ
- ပဲပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ပုံ
- အဆင်သင့် လှီးထားသော မျှစ်ကို ရေဆေးပြီးစစ်ထားပါ
- ပဲပြုပ်ကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
- ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပါ
- ကြက်သွန်နီကို နွမ်းရုံလေးဘဲ ကြော်ပြီးမျှစ်ကို ထည့်မွှေပါ
- ၂မိနစ်လောက်ကြော်ကာ ဆားနှင့် အရသာမှုန့်ထည့်မွှေပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပြုပ်ကို ထည့်ပြီး မွှေပေးပါ
- ပဲပြုပ်ထည့်ပြီး တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ လွယ်ကူမြန်ဆန်သော ပဲပြုပ်မျှစ်ကြော်ကို အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment