အသားမစားချင်ဘူးလို့ ပြောလိုက်တာနဲ့ ဒီအမေက ထုံးစံအတိုင်း အသီးအရွက်တွေ ဟိုကဆွဲထုတ် ဒီကဆွဲထုတ် ဘယ်လိုများ ချက်ပေးရင် ကောင်းမလဲလို့ စဉ်းစားရင်း အိမ်ရှေ့လျှောက် အိမ်နောက်လျှောက်နဲ့ ခေါင်းတွေခြောက်ရတာလဲ အကြိမ်ကြိမ်ပါဘဲ။
အဲဒီလိုနဲ့ဘဲ ဒီနေ့တော့ အသီးအရွက်တွေအစား အသားတုကို ခရမ်းချဉ်သီးဗူးဖောက်ပြီး ဆီပြန်ချက်ပေးဖြစ်တာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အသားတု - 200 g
- ခရမ်းချဉ်းသီး အနှစ်ဗူး - ready made 400 g တစ်ဗူး
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ အသားတု အရသာနယ်ရန်)
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (အသားတု အရသာနယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသားတု အရသာနယ်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
အသားတု အရသာနယ်ရန်
- အသားတုကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက်စိမ်ထားပါ
- ရေစိမ်ပြီး ပွလာပါက ရေများကုန်သလောက်ရှိအောင် ညှစ်ပေးကာ ဇလုံထဲ ထည့်ထားပါ
- နနွင်းမှုန့်
- ဟင်းချိုမှုန့်
- နနွင်းမှုန့်
- ဆား အားလုံးတို့ကို အသားတု ဇလုံထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ
ပြင်ဆင်ပုံ
- အသားတုနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီး ညက်အောင်ထောင်းထားပါ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းတို့ကို မွှေးလာအတဲ့ထိ ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးဗူးကို ဖောက်ထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ အရသာ နယ်ထားသော အသားတုနျင့် ဆားတို့ကိုထဲ့ပြီး မွှေပေးပါ
- ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာပါက ချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ အသားတု အချဉ်ဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။
အသားတုဟင်း အရမ်းကြိုက် အမ ရဲ့ ပရိသတ်ပါ
ReplyDeleteဘလော့ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်
Delete