Tuesday 14 June 2016

ကြက်​သားဆီပြန်​ ဂေါ်ရင်ဂျီချက်


ထမင်းမိန်မိန် သုံးဆောင်ရအောင် ဒီနေ့တော့ ကြက်သားဂေါ်ရင်ဂျီချက် မွှေးမွှေးလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်သားအရသာနယ်ရန်

  • ကြက်သား ကြက်အသည်း - 500g (အသားများကို အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • လေးညှင်းပွင့် - ၃ပွင့် အားလုံးကိုရောပြီး ကြက်သားထဲအရသာဝင်အောင် နယ်ထားပါ

ဟင်းချက်ရန်

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း
  7. ပျဉ်းတော်သိမ်းရွက် - ၃ခက်
  8. မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  9. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ပြင်ဆင်ပုံ
  • ကြက်သားဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
  • မကျည်းသီးမှည့်ကို ရေမြုပ်အောင် စိမ်ထားပါ
  • ဇောက်နက်တဲ့ အိုးထဲမှာ ကြက်သားအရသာနယ်နှင့် ဆီထည့်ပါ
  • ထိုကြက်သားထဲကို ကြက်သွန်ဖြူ နီ ချင်းစပါးလင်ထောင်းနှင့် ငရုတ်သီးမှုန့်တို့ကိုထည့်ပြီး ရေအနည်းငယ်ထည့်ကာ လုံးချက်ချက်ပေးပါ  
  • ကြက်သားများ လုံးနေစဉ် အိုးမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ မကျည်းသီးမှည့်ကို အရည်ဖျော်ပြီး ထည့်ပေးပါ
  • မကျည်းမှည့်ရေနှင့်အတူ ကြက်သားများထဲ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပျဉ်းတော်သိမ်းရွက်နှင့် မဆလာကိုအုပ်ပြီး ဆီပြန်အောင် ချက်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ကြက်သားဂေါ်ရင်ဂျီချက် ဆီပြန်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment