သတ်သတ်လွတ် စားတတ်တဲ့ သမီးငယ်အတွက် ထမင်းပူပူနဲ့နယ်စားလို့ရအောင် ချဉ်ငံစပ် အရသာ အစုံပါစေမဲ့ ခရမ်းချဉ်သီး သတ်သတ်လွတ် ပန်ထွေဖျော်ဖြစ်လို့ ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။
ပန်ထွေဖျော်ရန် လိုအပ်သောပစ္စည်းများ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
- နံနံပင် - နှစ်သက်သလောက်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- ပဲဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
- ခရမ်းချဉ်သီးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- အခွံများ ကွဲအက်လာပြီဆိုတာနဲ့ အခွံများခွာကာ ပြုပ်ထားသော ရေထဲမှဆယ်ပြီး အအေးခံထားပါ
- ကြက်သွန်ဖြူကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- နံနံပင်ကို ရေဆေးပြီး လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ချေပေးပါ
- ခရမ်းချဉ်သီးမှ ထွက်လာသော အရည်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆား အချိုမှုန့် နံနံပင် ဆီတို့ထည့်ပြီး မွှေပေးပါ
- အားလုံးသမအောင် မွှေပေးပြီးတာနဲ့ ခရမ်းချဉ်သီး ချဉ်ငံစပ် ပန်ထွေဖျော်ကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment