ထမင်ြးမိန်မြိန် သုံးဆောင်နိုင်ဖို့ ချက်ရတာ အရမ်းလွယ်ပြီး အရမ်းစားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပုဇွန်ချိုချဉ် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ရေဆေးပြီး ခေါင်း အမြှီးဖြုက်ကာ ကြောဖက်မှ အမည်းကြောင်းထုတ်ထားသော ပုဇွန်ထုတ် - ၁၂ကောင်
- အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- အနေတော် လှီးထားသော ဘရိုကိုလီ- ၁၀ခက်
- သင့်သလို လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
- ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- အနေတော် လှီးထားသော ပဲသီး - သုံးတောင့်
- တစ်လက်မစီလောက် လှီးထားသော တရုတ်နံနံ - ၂ပင်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဂျုံမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၂ဇွန်း
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း (ချိုချဉ်ကြော်ရန် )
- ဆီ - လိုသလောက် သုံးပေးပါ( ပုဇွန်ကြော်ရန် )
ပြင်ဆင်ပုံ
- လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
- ပုဇွန်များပို ဇလုံတလုံးထဲမှာထည့်ပြီး ဂျုံမှုန့်နှင့် လူးပေးထားပါ
- ခရမ်းချဉ်သီးဆော့နှင့်ဆား ပဲငံပြာရည်အကြည် သကြားတို့ကိုရေ ထမင်းစားဇွန်း ၄ဇွန်းလောက်နှင့် ရောမွှေထားပါ
- ဒယ်အိုးတလုံးထဲမှာ ဆီလက်ဖက်ရည်ပန်းကန် တလုံးစာကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ဂျုံမှုန့်လူးထားသော ပုဇွန်များကို တကောင်ခြင်း ထည့်ကြော်ပေးပါ
- ပုဇွန်တကောင်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ထားပါ
- နောက်ထပ်ဒယ်အိုးတလုံးထဲမှာ ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပါ
- မိနစ်ဝက်ပြည့်တာနဲ့ ဂေါ်ဖီ ဘရိုကိုလီ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
- တမိနစ်လောက် ကြော်ပြီးတာနဲ့ ကြော်ထားသော ပုဇွန်များ အရသာစပ်ထားသော ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
- ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့တရုတ်နံနံထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် ပုဇွန်ချိုချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment