Sunday, 21 August 2016

အသီးအရွက်သုပ် မွှေးမွှေးလေး











ဒီနေ့တော့ နှမ်းလှော်နံ့ သင်းသင်းလေးနဲ့ အသီးအရွက်အသုပ် လုပ်ဖြစ်ပြန်ပါတယ် လုပ်ရတာလွယ်ကူသလို စားလို့ကောင်းတဲ့ အသုပ်တမျိုးပါ။

ငါးပိရည်နဲ့တွဲဖက်ပြီး တို့စရာ လုပ်နိုင်သလို အသုပ်တမျိုးလိုလဲ အရံဟင်း တမယ်အဖြစ် စားနိုင်ပါသေးတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် - 200g
  • သခွားသီး - အနေတော် တလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • နှမ်းလှော် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ကြက်သွန်မိတ် - ၃ချောင်းခန့်
  • ဆား - ထမင်းစဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၄ပုံတပုံ
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပဲပင်ပေါက်ကို ဇလုံတလုံးထဲထည့်ကာ ရေနွေးကို ပဲပင်ပေါက် မြုပ်နေအောင် လောင်းချပေးပါ
  • ရေနွေးလောင်းထားသော ပဲပင်ပေါက်ကို သုံးမိနစ်လောက် ထားပြီးတာနဲ့ ရေနွေးကိုသွန်ပြီး ရေစစ်ထားပါ
  • သခွားသီးကို အခွံမခွာဘဲ အလုံးလိုက် ရေဆေးပြီး ပုံမှာပြထားတဲ့အတိုင်း ခပ်ပါးပါး လှီးပေးပါ
  • ခပ်ပါးပါး လှီးထားသော သခွားသီးကို ပုံမှာပြထားတဲ့အတိုင်း ခပ်သေးသေးလေးတွေ ထပ်လှီးပေးပါ
  • ပြီးတာနဲ့ ဇလုံတလုံးထဲမှာထည့်ပြီး ဆားနှင့်နယ်ကာ ၃မိနစ်လောက် ထားပေးပါ
  • ပြီးတာနဲ့ အငံဓါတ် ပေါ့စေရန် ရေနှင့် ၂ခါလောက် ဆေးပေးကာ ရေညှစ်ထားပါ
  • ငရုတ်သီးစိမ်းကို နှစ်သက်သလို လှီးပေးထားပါ
  • ကြက်သွန်မိတ်ကို အနေတော် လှီးပေးထားပါ
  • နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ အသီးအရွက်သုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment