Wednesday, 17 August 2016

ငါးခြစ်ဆန်လှော်ထောင်း ငါးဆုပ်ဟင်း










အခုရက်ထဲ ငါးဆုပ်လေးတွေ စားချင်စိတ်ပေါ်လေတော့ ရာသီစာ ခရမ်းချဉ်သီး ငါးဆုပ်ချဉ်ချဉ်လေး ချက်ပြီး ထမင်းပူပူလေးနှင့် စားကြလေသတည်းပေါ့စားကြလေသတည်းပေါ့။

ဒီတခါတော့ ဘာဆာငါးကို ဆန်လှော်ထောင်းနဲ့ ငါးဆုပ်ထောင်းကာ ချက်ထားတာမို့ ငါးအရသာ မွှေးမွှေးလေးနဲ့ ထမင်းမိန်စေမဲ ဟင်းတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘာဆာငါး - 500g
  • ဆန်လှော်မှုန့် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ဟင်းချက်ရန် တ၀က် ငါးခြစ်ထောင်းရန် တ၀က်)
  • ကြက်သွန်ဖြူ - ၆မွှာ (ဟင်းချက်ရန်နှင့် ငါးဖယ်ထောင်းရန် တ၀က်စီခွဲသုံးရန်)
  • ချင်း - လက်တဆစ်သာသာ ( ။        ။      ။        ။     ။        ။         ။  )
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ( ဟင်းချက်ရန်နှင့် ငါးခြစ်ထေားင်ရန် တ၀က်စီ)
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး သို့မဟုတ် ready made ခရမ်းချဉ်သီးဗူး 400g
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ဟင်းချက်ရန်
  • ဆီ - စားပွဲတင် ဇွန်းကြီး ၄ဇွန်း (ငါးဆုတ်ကြော်ရန်)
  • ရေ - ငါးဖယ်ငါးဆုတ် မြုပ်အောင်ထည့်ရန် လိုသလောက်
ပြင်ဆင်ပုံ
  • ဘာဆာငါးကို ရေဆေးပြီး ဇွန်းနှင့်ခြစ်ထားပါ
  • ခြစ်ထားသော ဘာဆာငါးခြစ်ကို ဆန်လှော်မှုန့် ဆား အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ကြက်သွန်နီ တလုံး ကြက်သွန်ဖြူ ၃မွှာ ချင်းလက်တဆစ်ရဲ့ တ၀က်တို့နဲ့ ရောပြီး မာပြီးစေးထန်းလာတဲ့အထိ ထောင်းပေးပါ
  • ငါးခြစ်ထောင်း မာပြီးစေးထန်းလာပါက လက်ကို ဆီအနည်းငယ်စွတ်ပြီးမှ ငါးခြစ်ထောင်းကို အနေတော်ယူကာ အားလုံးကို အဆင်ပြေသလို ဆုတ်လုံးပေးထားပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ငါးဆုပ်များကို တလုံးခြင်း ထည့်ကြော်ပေးပါ
  • ငါးဆုပ်တလုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ထားပါ
  • ခရမ်းချဉ်သီးကို နူးအောင်ပြုပ်ပြီး အခွံခွာထားပါ
  • Ready made ဗူးကို သုံးပါက အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးထားပါ
  • ဒယ်အိုးတလုံးထဲ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  နနွင်းမှုန့်နှင့် ငရုတ်သီးထောင်းတို့ကို ထည့်ပြီးဆီသတ်ပါ 
  • ဆီသတ်ထားသော ငရုတ်သီးထောင်းများ မွှေးလာတာနဲ့ ငါးငံပြာရည်ထည့်ပြီး သုံးလေးချက်လောက် မွှေလိုက်ပါ
  • ပြီးတာနဲ့ အခွံခွါထားသော ခရမ်းချဉ်သီးများထည့်ကာ ကြေသွားအောင် မွှေကြော်ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အချိုမှုန့်နှင့် ရေကိုထည့်ပြီး ဆူလာအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကြော်ထားသော  ဘာဆာငါးဆုပ်များကို ဆီသတ်ထားသော အိုးထဲထည့်ကာ အိုးအဖုံးကို ဖုံးပေးပြီး ၈ မိနစ်လောက် တည်ပေးပါ
  • ဟင်းအိုး တည်နေစဉ် ငါးဆုပ်လုံးထဲ အရသာ အ၀င်ညီစေရန် လေး ငါးခေါလောက် မွှေမွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ အရည်လေးနဲ့ စားချင်ရင် ရေမခမ်းခင် မီးပိတ်ပေး၍ ဘာဆာငါးခြစ် ငါးဆုတ်ဟင်းကို စားသုံးနိုင်ပါပြီ ။
  • ဆန်လှော်မှုန့် လှော်နည်းကို ဘလော့မှာ တင်ထားပြီးသားဖြစ်ပါတယ် 

No comments:

Post a Comment