Monday, 29 August 2016

ထိုင်းစတိုင်လ် သခွားသီးထောင်း








အခုရက်ထဲ ရာသီဥတုက အေးလေတော့ ပူပူစပ်စပ်လေးတွေ လုပ်စားဖြစ်ပါတယ် ဒီနေ့တော့ စားနေရင်းကို ခြွေးဒီးဒီးကျစေပြီး စားလေစားလေ ဇွန်းကိုလက်က မချချင်လေအောင် ဆွဲဆောင်စေပြီး ငတ်မပြေစေတဲ့ ထိုင်းစတိုလ် သခွားသီးသုပ် ချို ချဉ် ငံ စပ် လေး သုပ်စားဖြစ်လို့ သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  • သခွားသီး - ၂ လုံး
  • ငရုတ်သီးစိမ်း အနီတောင့် - ၃ တောင့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ  - အလုံးသေး: ၃လုံး (Onion Shallot French  )
  • cheery tomato - ၆ လုံး
  • ပဲတောင့်ရှည် - ၉ တောင့်
  • သံပုရာသီး  - ၁ လုံး
  • ကြံသကာအနှစ် (သို့မဟုတ် ) ထန်းလျှက်ခဲ - ထမင်းစားဇွန်း ၁ ဇွန်း
  • ပုစွန်ခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
  • ငါးငံပြာရည်  - ထမင်းစားဇွန်း၂ ဇွန်း 
  • သံပုရာရရည် - ထမင်းစားဇွန်း ၁ ဇွန်း 
  • မြေပဲလှော် -  ထမင်းစားဇွန်း ၂ ဇွန်း (  နှစ်သက်လျှင် ထည့်ပေးပါ)
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး အလုံးလိုက် ရေဆေး၍ ဓါးနှင့်ခပ်ကြမ်းကြမ်း လိုက်ပေါက်ပြီး လှီးချကာ ရေခဲသေတ္တာထဲမှာ ဆယ်မိနစ်လောက် ထည့်ထားပါ
  • ချယ်ရီခရမ်းချဉ်သီးများကို ရေဆေးပြီး ထက်ခြမ်း ခွဲထားပါ
  • ပဲတောင့်ရှည်များကို ရေဆေးပြီး တလက်မလောက် အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါး လှီးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ထားပါ
  • သံပုရာသီးကို အူတိုင်ဖယ်ပြီး ၃စိတ်စိတ်ကာ လှီးပေးပါ
  • ကြံသကာအနှစ်ကို အဆင်သင့် ပြင်ထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပုဇွန်ခြောက်ထဲ ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အညှာခြွေပြီး မညက်တညက် ထည့်ထောင်းပေးပါ
  • ကြံသကာသို့မဟုတ် ထန်းလျှက်ခဲ ငါးငံပြာရည် သံပုရာရည်တို့ထည့်ပြီး ငရုတ်ကျည်ပွေ့နှင့် သမအောင် ခပ်ဖွဖွ မွှေပေးပါ
  • မြေဲ ပဲတောင့်ရှည်နှင့် ချယ်ရီခရမ်းချဉ်သီးလေးတွေကိုထည့်ပြီး လေး ငါးချက်လောက် ခပ်ဖွဖွ ထောင်းပေးပါ
  • အားလုံး သမသွားပြီဆိုတော့မှ လှီးထားသော ကြက်သွန်နီ အအေးခံထားသော သခွားသီးနှင့် သံပုရာရည်ညှစ်ပြီး အခွံပါထည့်ကာ ခပ်ဖွဖွလေး ထောင်းပြီးမွှေပေးပါ
  • ထိုင်းသင်္ဘောသီးထောင် မျှစ်ထောင်း သခွားသီးထောင်း အစရှိတဲ့ ထောင်းနည်းတွေဟာ ငရုတ်ကျည်ပွေ့နဲ့ အရမ်း ခပ်ပြင်းပြင်း ထောင်းခြင်းမဟုတ်ဘဲ ခပ်ဖွဖွလေးထောင်းကာ အရသာ သမသွားအောင် ထောင်းနည်းလေးတွေ ဖြစ်တာမို့လို့ ခပ်ဖွဖွဘဲ ထောင်းစေချင်ပါတယ်
  • ချို ချဉ် ငံ စပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းကိုထောင်းလို့ထွက်လာသော အရည်များပါ ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး နှစ်သက်ပါက ( မြေပဲလှော်ဖြူးကာ) သုံးဆောင်ရန် ပြင်ပေးပါ

No comments:

Post a Comment