Sunday, 7 August 2016

ပြည်ကြီးငါးကြော် မွှေးမွှေးလေး



မနေ့က ဈေးသွားတုန်း ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ်လေးတွေ တကီလိုကို $13 နဲ့ ရတာမို့ တကီလိုဝယ်လာပြီး အိမ်ရောက်တော့ စားမဲ့သူက ကိုယ်တယောက်ထဲမို့ မချက်တော့ဘဲ ကြော်စားဖို့ စိတ်ကူးအကောင်ထည်လေး ဖော်လိုက်မိပါတယ်။

အကောင်လိုက်မို့ ကိုင်ရဆေးရတာ နဲနဲလေးတော့ လက်ဝင်ပါတယ် အကိုင်အတွယ်မတတ်လို့ ဗိုက်ထဲက မဲနယ်အိတ်လေးပေါက်သွားရင် ဆေးလို့ကို မပြီးနိုင်တော့ပါဘူး ဒါကြောင့်မို့ မဲနယ်အိတ်ကို အရင်ထုတ်ပြီးမှ ကျန်တဲ့မလိုတာတွေကို ဖယ်တာအကောင်းဆုံးပါ။

အားလုံးသန့်စင်ပြီဆိုရင်တော့ လိုအပ်တာတွေကို ပြင်ဆင်ပြီး ကြော်ဖို့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး အကောင်ကြီးကြီး - နှစ်ကောင်
  • BREAD CRUMBS. - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံ
  • ကြက်ဥ - တလုံး
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာ
ပြင်ဆင်ပုံ
  • ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီး အ၀တ်စသန့်သန့် သို့မဟုတ် paper towel နှင့်သုတ်ကာ အခြောက်ခံပေးပါ
  • ရေခြောက်ပါက အနေတော် အကွင်းလိုက်လှီးပေးပါ
  • လှီးထားသော ပြည်ကြီးငါး အကွင်းလေးများကို ဆား ငရုတ်ကောင်း အချိုမှုန့်တို့နဲ့ နယ်ပေးပါ
  • ကြက်ဥကို ပန်းကန်လုံးတလုံးထဲထည့်ပြီး ခလောက်ထားပါ
  • BREAD CRUMBS အမှုန့်ကို ပန်းကန်ပြားထဲ ထည့်ထားပါ
  • ပြည်ကြီးငါးကို ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပြီး တကွင်းခြင်းမှာ ကပ်အောင်လူးပေးပါ
  • ပြီးတာနဲ့ bread crumbsအမှုန့်မှာ လူးပေးပါ
  • အားလုံးကို အမှုန့်နှင့် ကပ်လူးပြီးပါက ဆီကိုပူအောင်တည်ပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်လျှော့ပြီးမှ ပြည်ကြီးငါး အကွင်းလေးတွေကို တကွင်းခြင်းထည့်ကြော်ပါ
  • ပြည်ကြီးငါး အကွင်းလေးများ ရွှေဝါရောင်သန်းတာနဲ့ ချက်ခြင်းဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment