Saturday, 6 August 2016

ကြက်​ဥ ခရမ်းချဉ်​သီး​မွှေကြော်


ဒီဟင်းလေး ချက်မိတိုင်း မြန်မာပြည်မှာ ဆောင်းဦးဝင်ကာစ လယ်ကွင်းမြေကြီး ကျစ်စာတွေထဲက ရတတ်တဲ့ ဒီပိုးကို သတိယမိတယ် အကောင်လေးတွေကို ဒေါက်ကွေး ဘုရင်မဆိုပြီး အမျိုးအစား ခွဲထားပြီး ဒေါက်ကွေးက အနှစ်ပိုပြီးများလို့လူကြိုက်ပိုများပါတယ် ဘုရင်မကတော့ အကောင်ဖြစ်ဖို့ အရည်ခွံပျော့ပျော့ ဖြစ်နေချိန်မို့ စားလို့ကောင်းပေမဲ့ လူကြိုက် နည်းပါတယ် ခရမ်းချဉ်သီးနဲ့မွှေကြော်လိုက်ရင် နတ်သုဒ္ဒါတမျှ ကောင်းလွန်းတဲ့ အစာတခုပါ။

အခုလဲ ဒီပိုးကြော်လောက် မကောင်းပေမဲ့ အရသာ ခပ်ဆင်ဆင်လေးတူတဲ့ ခရမ်းချဉ်သီးနဲ့ကြက်ဥကို မွှေကြော် ကြော်ပြီး ထမင်းပူပူလေးနဲ့စားလိုက်ရင် အရမ်းကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၅လုံး
  • ခရမ်းချဉ်သီး ကြီးကြီး - ၃လုံး (သို့) ready made ဗူး - 400g
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
  • ကြက်ဥကို ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • Ready made ဗူး သုံးပါက အဆင်သင့်ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် ထည့်ပါ
  • ဆီအငွေ့တက်လာပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ထည့်မွှေကာ ကျေသွားတဲ့အထိ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက ခလောက်ထားသော ကြက်ဥမွှေကို ထည့်ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများကို အဆက်မပြတ် မွှေပြီးကြော်နေရင်းမှ ခဲပြီးကျက်လာလျှင် အရသာမြည်းပြီး၍ လိုသလိုပြင်ပေးကာ သုံဆောင်နိုင်ပါပြီ
  • ချဉ်ဖြုံ့ဖြုံ့ စိမ့်စိမ့်လေးနဲ့စားလို့အရမ်းကောင်းတဲ့ ခရမ်းချဉ်သီးကြက်ဥမွှေကြော်ကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment