နေပူပူ ရာသီဥတုပူပူမှာ စားချင်နေတဲ့ ချဉ်ငံစပ်အသုပ်လေး သုပ်စားဖြစ်လို့ လွယ်ကူမြန်ဆန် အရံဟင်းတပွဲ ဖြစ်စေမဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
- ကြော်ပြီးသား ကြက်ရင်ပုံသား - ၂တုံးခန့်
- ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
- နံနံပင် - စားနိုင်သလောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
- သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက် ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- ကြက်ကြော်ကို အသားထွင်ပြီး မွှထားပါ
- အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
- အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
- သရက်သီး ဆားရည်စိမ်က အငံပါပြီးသားဖြစ်တဲ့အတွက် အငံထည့်စရာမလိုပါ
- ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ်အရသာပါဝင်တဲ့ သရက်သီးဆားရည်စိမ် ကြက်ကြော်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment