ဒီတစ်ခါတော့ ထမင်းစား မိန်စေမဲ့ သရက်သီး ဆားရည်စိမ်ကို ပုဇွန်ထုတ်နဲ့ ခပ်စပ်စပ်လေး ထောင်းဖြစ်လို့မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ပုဇွန်ပြုပ်ပြီးသား - ၇ကောင်ခန့်
- ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
- သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက် ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
- ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးကာ အခွံခွာထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
- အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
- သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
- ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီး ဆားရည်စိမ် ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment