Thursday 23 February 2017

သတ်သတ်လွတ် ကညွှတ်ကင်


သမီးငယ်အတွက် ကင်ပေးရတဲ့ သတ်သတ်လွတ် ကညွှတ်ကင် ဟင်းတစ်မယ်ပါ ဆီနည်းနည်းနဲ့ အိုးပူတိုက်ပြီးမှ ရေအနည်းငယ်နဲ့အရသာ သွင်းထားတာပါ  လွယ်ကူမြန်ဆန် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် အိုးပူတိုက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ကညွှတ်အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် အိုးပူတိုက် ပြီးတာနဲ့ငရုတ်ကောင်းမှုန့်ထည့်မွှေကာ ကညွှတ်ကင်ကို ပူနေတုန်းလေး နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment