Wednesday 1 February 2017

တောချက် ကြက်သားဟင်းဆီပြန်


ဒီနေ့တော့ ထမင်းစားမိန်စေမဲ့ ကြက်သားတောချက် ချက်နည်းလေးချက်ကာ ထမင်းပူပူလေးနဲ့စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ကြက်အသည်း ကြက်နှစ်လုံး အစုံ - 700g
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၇မွှာ
  • ချင်း - လက်မ၀က်ခန့်သာသာ
  • စပါးလင် - နုသောအပိုင်း ၂လက်မခန့်
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်ဒ
  • နနွင့်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ကြက်သားနှပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သားများကို ရေဆေးပြီး သင့်တော်သလို ခုတ်ထားပါ
  • ကြက်နှစ်လုံးများကို ရေဆေးထားပါ
  • ဆား ငံပြာရည် နနွင်းမှုန့်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
 ပြင်ဆင်ပုံ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးပြီး ငရုတ်သီးမှုန့်နှင့်ရော၍ ညက်နေအောင် ထောင်းထားပါ
  • ဟင်းမချက်ခင် အရသာနယ်ထားသော ကြက်သားများကို ပြင်ထားပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပေးကာ ရွှေဝါရောင်သန်းလာတဲ့အထိ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းပြီးမွှေးလာတာနဲ့ အရသာဝင်အောင် နှပ်ထားသော ကြက်သားများကို ဆီသတ်ထားသော ဒယ်အိုးထဲထည့်ပြီး ရောမွှေပေးပါ
  • ကြက်သား အသားများ မာပြီးတင်းလာတော့မှ မဆလာထည့် မွှေပေးပါ ပြီးမှ ကြက်သားမြုပ်ရုံ ရေထည့်ပြီး ပွက်လာအောင် တည်ပေးပါ
  • အိုးအဖုံးကို အုပ်ပြီး မီးနည်းနည်းဖြင့် ကြက်သားနူးအိလာသည် ရေနည်းနည်းခြင်း ထည့်ပေးကာ နူးတဲ့အထိတည်ထားပေးပါ
  • ဆီမပြန်ခင် ဆီလည်ရေလည်လေး ရပြီဆိုတာနဲ့ အရသာကို လိုသလို ပြင်ပေးကာ အရသာရှိလွန်းတဲ့ ကြက်သားတောချက် ဆီပြန်ဟင်းကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment