အခုရက်ထဲ ပုဇွန်သားလေးတွေ ၂ကီလိုဝယ်ထားပြီး ချိုချဉ်ငံစပ် လှည့်ပါတ်ပြီး ချက်နေမိပါတယ် ဒီနေ့တော့ ကလေးလူကြီး စားနိုင်မဲ့ ပုဇွန်အချိုကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခေါင်းချိုး အမြှီးဖြုတ်ထားသေ ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
- ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
- ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ကို ရေဆေးပြီး ခေါင်း အမြှီးဖြုတ်ကာ သန့်စင်ထားပါ
- သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်နီ နွမ်းအောင် ကြော်ပေးပါ
- ကြက်သွန်နီ နွမ်းတာနဲ့ အရသာနယ်ထားသော ပုဇွန်ကို ထည့်ကြော်ပါ
- သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည် ထည့်မွှေပေးပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ။
No comments:
Post a Comment