Tuesday 14 February 2017

ပုဇွန်ငရုတ်သီးစိမ်း အစပ်ချက်


ဒီနေ့တော့ မကုန်နိုင်သေးတဲ့ ပုဇွန်သားလေးတွေကို ခေါင်းချိုးပြီး ငရုတ်သီးစိမ်းနဲ့ ဖိုးသတ်ဖတ်သတ် ချက်ပါတယ် ထမင်းစားလို့တော့ ဘာကောင်းသလဲ မမေးပါနဲ့တော့ အရမ်းကို မြိန်ပါတယ် ဒါကြောင့်မို့ ဖိုးသိုးဖတ်သတ် ကြော်ချက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ပြီးသား ပုဇွန်ခေါင်းချိုး - ၂ဆယ်သား
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သန့်စင်ပြီးသား ပုဇွန်ကို ဆား နနွင်း အရသာမှုန့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အရမ်းမညက်စေဘဲ ဖိုးသိုးဖတ်သတ် ထောင်းထားပါ
  • ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ငရုတ်သီးထောင်းကို ထည့်ကြော်ပါ
  • မွှေးလာတာနဲ့ ပုဇွန်နဲ့ငံပြာရည်ကို ထည့်မွှေပါ
  • ပြီးတာနဲ့ ရေမြုပ်ရုံလေးထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းတာနဲ့ စပ်ပြီးမွှေးနေတဲ့ ငရုတ်သီးစိမ်း ပုဇွန်ဖိုးသိုးသတ် ကြော်ချက်လေး ရပါပြီ။

No comments:

Post a Comment