Friday 17 February 2017

အိန္ဒိယစတိုင်လ် ကြက်သားဟင်း


ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ အိန္ဒိယစတိုင်လ် ကြက်သားဟင်း မွှေးမွှေးလေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင်သား - 500 g 
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. လေးညှင်း  -နှစ်ပွင့်
  10. နံနံစေ့ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. စမုံစပါး - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဖာလာ - တစ်ခု
  13. ကရဝေးရွက် - သုံးရွက်
  14. သစ်ဂျပိုးခေါက် - အနေတော် တစ်ခု
  15. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  16. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  17. နံနံပင် - အနေတော် သုံးပင်

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
  2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
  4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  5. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကရဝေးရွက် နံနံစေ့ ဖာလာ သစ်ဂျပိုးခေါက် စမုံစပါး လေးညှင်း နံနံစေ့တို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ နီ နှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက နံနံပင်နှင့် မဆလာအုပ်ပေးပြီး သမအောင် မွှေပေးပါ
  • ရအနေတော် ဖြစ်လာပါက မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

2 comments:

  1. ကြက်သားဟင်းဓာတ်ပုံ အခြားနေရာတွင် အသုံးပြုလိုပါတယ်။ ခွင့်ပြုနိုင်ပါသလား။
    အောက်ပါ email သို့ အ ကြောင်း ပြန်နိုင်ပါက ပြန်ပေးပါ။
    လေးစားစွာဖြင့်
    ksweverybody@gmail.com

    ReplyDelete
    Replies
    1. သုံးလို့တော့ ရပါတယ်ရှင့်
      ဘလော့နံမည်တော့ ထည့်ပေးစေချင်ပါတယ်

      Delete