ဒီနေ့တော့ ရာသီဥတု ပူပူမှာ ငရုတ်ကောင်း ပူပူလေးနဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး စားချင်စိတ်က ပေါ်လာခဲ့ပါတယ် ပူပူလူလူ ချွေးတလုံးလုံးနဲ့ စားရလေအောင် ငရုတ်ကောင်း နိုင်နိုင်နဲ့ ဒီနေ့ချက်ဖြစ်တဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုန့်ဖတ် - 1000 g
- ငါးခူ သို့မဟုတ် ဘာဆာငါး - 200 g
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
- စပါးလင် - ၃ချောင်း
- ချင်း -၂လက်မခန့်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ငါးပြုပ် တစ်ဝက်ငါးဆီသတ် )
- ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
- ကြက်သွန်နီ အ- လုံးသေး အလုံး ၂၀ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တ၀စ်က်ဆီချက် တစ်ဝက်ငါးဆီသတ်ရန် )
- ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းခွဲ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- ပဲပင်ပေါက် - လိုသလောက်
- ပဲသီး - လိုသလောက်
- ပူစီနံ - လိုသလောက်
- ခရမ်းချဉ်သီးအစိမ်းနှင့်အမှည့် - လိုသလောက်
- ငြုပ်သီးအလှော်မှုန့် - လိုသလောက်
- ကြက်ဥ - လိုသလောက်
- သံပုရာသီး - လိုသလောက်
- ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ မလိုသော ကလီစာများ ထုတ်ပေးပါ
- ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
- ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင် ဆေးပေးပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ငါးခူကိုဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံကြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့် စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ငါးအသား နူးလာတာနဲ့ အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
- အသားနွှင် ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် ငင်ထားပါ
ငါးဆီသတ်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက်ေ ရဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
- ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
- စပါးလင်ကို ညက်နေအောင် ထောင်းပေးပါ
- ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
- ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ
- ဆီသတ်နံ့ သင်းလာပြီဆိုတာနဲ့ မီးပိတ်ပေးပါ။
ဟင်းရည်ချက်ရန်
- ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး ပြုပ်ပြီးအခွံခွာထားသော ကြက်ဥသုံးလုံးကို အလုံးလိုက် ထည့်ပေးပြီး တည်ပေးပါ
- ဆန်လှော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
- ကြက်ဥအစိမ်း တစ်လုံးကို ပန်းကန်ထဲထည့်ပြီး ခလောက်က်ထားပါ
- ကြက်ဥ ၆လုံးကို ပြုပ်ပြီး အခွံခွာထားပါ
- ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ
- ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆန်လှော်မှုန့် အရည်ဖျော်ကိုထည့်ပြီး ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
- ဆန်လှော်မှုန့်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူလာကာ ကြက်သွန်များ နူးလာပြီဆိုတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်မွှေပါ
- ကြက်ဥအမျှင်လေးများ ရအောင် ကြက်ဥထည့်ပြီးတာနဲ့ တစ်ဖက်သတ်ထဲ အချက်၂၀လောက် မွှေပေးပါ
- မွှေပေးပြီးတာနဲ့ငရုတ်ကောင်းမှုန့် ခတ်ပေးပါ
- ပြီးတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပြီးပါက ငရုတ်ကောင်း မုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ပူစီနံနှင့် ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
- ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
- ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ
- မုန့်ဖတ်ကို ပြင်ထားပါ
- ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
- သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
- ဟင်းရည်ကို ပြင်ထားပေးပါ
- လိုအပ်သော ပစ္စည်းများ ပြင်စဉ်ပြီးပါက မိမိနှစ်သက်သလို စားသုံးနိုင်မည့် ငရုတ်ကောင်း မုန့်ဟင်းခါး ဟင်းရည်ကျဲ မွှေးမွှေးလေး ရပါပြီ။
No comments:
Post a Comment