Sunday 5 February 2017

ပုဇွန်ဆီပြန်


ပုဇွန်ထုတ်ကို ဒီနေ့တော့ ခရမ်းချဉ်သီးနဲ့ အချဉ်ဆီပြန်လေး ချက်ပါတယ် ထမင်းတော့ စားလို့အင်မတန်မှ  မြိန်အုံးမှာပါ ဒါောကာင့်မို့လို့ လွယ်ကူမြန်ဆန် ချက်ရတာမြန်ပြီး စားလို့ကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုစွန်ထုတ် - 500 g
  2. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  5. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တဇွန်းနှင့် တစ်ဝက်
  7. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  • ပုစွန်ထုပ်များကို ရေဆေးပြီး အခွံခွာကာ ခေါင်းဖြုတ်ပေးပါ
  • ကြောဘက်မှ ခွဲပြီး အမည်းကြောင်း ဖြုတ်ပေးပြီး ဆား ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပြီး ရေပြန်ဆေးပေးပါ
  • အားလုံးပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်တို့နှင့် အရသာနယ်ပြီး ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခွံခွာ ရေဆေးပြီး ညက်အောင်ထောင်းပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလှီးပေးပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဒယ်အိုးတလုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်နှင့် ငရုတ်သီး အစိမ်းမှုန့်ထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်တာ မွှေးလာပါက လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက အရသာနယ်ထားသော ပုဇွန်ကိုထည့်မွှေပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုး ဆီပြန်ပြီး ခရမ်းချဉ်သီးများ ကျေသွားအောင် တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  • သင်းပျံ့နေသော ပုဇွန်ဆီပြန်ဟင်းကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment