Friday 29 September 2017

ပုဇွန်ခွက်ကြော်









ဒီနေ့တော့ ပုဇွန်ခွက်ကြော် ကြော်စားဖြစ်လို့ ကြော်နည်းတင်ပြီးသားလေး ရှိပေမဲ့ ပုံအသစ်လေး မြင်တဲ့အခါ စားချင်စိတ်ပေါ်လာအောင် ကြော်နည်းလေး ပြန်လည်မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ၁၀ကောင်
  2. တန်ပူရာမှုန့်. - 150 g
  3. ရေစင်အောင်ဆေးထားသော ပဲပင်ပေါက် - 500 g
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ရေ - 1 cup
  8. ဆီ - တစ်လီတာခွဲ သာသာ 

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေစင်အောင်ဆေးကာ ကြောဖက်မှနေပြီး အမည်းကြောင်းကို ထုတ်ပေးပါ
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီးမှ ပဲပင်ပေါက်ကိုထဲ့ကာ ဖွဖွလေးနယ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ပဲပင်ပေါက်နဲနဲနှင့် ပုဇွန်တစ်ကောင်( သို့ ) နှစ်ကောင်ကို ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက မီးကိုအနေတော်လျော့ပေးကာ ပဲပင်ပေါက်နှင့်ပုဇွန်ကိုထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန်သတိပြုပြီးကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ပုဇွန်ခွက်ကြော်လေး ရပါပြီ။
ပုဇွန်ခွက်ကြော် ခွက်လေးတွေနဲ့ ကြော်မယ်ဆိုရင်လဲ ခွက်ကလေးထဲကို ပဲင်ပေါက်အရသာ စပ်ထားတာနဲ့အတူ ပုဇွန်ကို ထည့်ပေးပြီး ဆီပူထဲမှာ ထည့်ကြော်ပေးပါ 
ပဲပင်ပေါက် ကျက်လာတဲ့အခါ ဆီအိုးထဲသို့ ဇွန်းရှည်ရှည်ဖြငိ့ တွန်းချပေးပြီး မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ။

No comments:

Post a Comment