Saturday 2 September 2017

ငါးသားလေး အကြွတ်ကြော်



ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေ ​ကြော်​ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲ ကြိုက်ပါတယ် ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန် စားရအောင် မာမာတို့တွေ ငါးသားလေးတွေကို အတူတူကြော်ကြရအောင်။

ငါးသားလေးက အရသာနယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားက နုလွန်းတဲ့ အတွက် အရသာဝင်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခန လှန်ပေးစရာ မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကို လှန်ပေးပြီး နှစ်ဘက်လုံး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးရပါမယ်။


ပါဝင်ပစ္စည်းများ

  1. ငါးသားလေး - 250 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - လိုသလောက် သုံးပါ

ပြင်ဆင်ပုံ
  • ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများ အားလုံးထဲ့ပြီး နယ်ပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများ ထဲ့ကြော်ပေးပါ
  • ခနခနမွှေပေးရန် မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီလေးဆမ်းပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment