Saturday, 9 September 2017

ကြက်ဥ ချဉ်ရည်ဟင်း


ထမင်းမိန်ပြီး စားလို့ကောင်းစေတဲ့ လွယ်ကူမြန်ဆန် ချက်နိုင်သော ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

  • ပြုပ်ပြီးအခွံခွာကာ ထားသောဘဲဥ( သို့) ကြက်ဥ - ၆လုံး
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • မဆလာ - အနေတော်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
ချက်နည်းလေးကိုပြောပါမယ်
  • ဆီကိုနနွင်းမှုန့်ထဲ့ကာ အပူပေးပါ
  • ကြက်ဥများကို အနှစ်မထွက်စေရန် အပ်ခြည်ကြိုးနှင့် ထက်ခြမ်းခွဲပေးထားပါ
  • လိုအပ်သော အရာများကို အဆင်သင့် ပြင်ထားပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနျှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ငါးငံပြာရညကို  တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာတာနဲ့ ရေကို အနေတော်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မကျည်းသီးမှည့် အရည်ကိုထည့်ပေးပါ
  • အရသာ ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပေးပြီး လိုသလို ပြင်ပေးကာ ကြက်ဥအခြမ်းလေးများကိုအသာအယာ ထည့်ပေးပါ
  • ဟင်းရည် အနေအထာ အနေတော်ရပြီဆိုတာနဲ့ ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ကာ မီးပိတ်ပေးနိုင်ပါပြီ။

No comments:

Post a Comment