Sunday 17 September 2017

ဝက်သားပြားကြော်


ဒီတခါတော့ ဝယ်လာတဲ့ ဝက်သားတွေထဲက အသားပြားလေးတွေ ခပ်ပါးပါးလှီးပြီး တန်ပူရာမှုန့်လေးနဲ့နယ်ကာ အသားပြားကြော်လေး ကြော်စားမိပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းမို့လို့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အဆီမပါသော ဝက်သား  -  250 g
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ (လိုတိုးပိုလျှော့ လုပ်ပါ)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးသာသာ

ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင် မွှေပေးပြီး ခပ်ပျစ်ပျစ် ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • မုန့်နှစ်ခပ်ပျစ်ပျစ် ရစေရန် ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပြားပြား ပါးပါးလေးတွေ ပုံပါအတိုင်း အနေတော် တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ဝက်သားကို နှစ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီးဆီကို မီးအပူပေးပါ
  • ဆီပူပြီး ကျက်လာပါက ဝက်သားမုန့်နှစ်လူးကို တစ်တုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်းများပါက ဝက်သားမကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်သားပြားကြော် တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်သားပြားကြော် ကြွတ်ကြွတ် ရွရွလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။

No comments:

Post a Comment