Friday, 1 September 2017

ကြံမဆိုင် ဟင်းချို









 ကြံမဆိုင်ရွက်လေး ထည့်ထားတာ ရပြီးထဲက ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့  ဒီနေ့ တော့ ကြံမဆိုင်ဟင်းချို ချက်နည်းလေး မျှဝေချင်ပါတယ် ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ကြံမဆိုင် - အနေတော် ၃ပင်ခန့်
  • ဝက်သား - ၂ဆယ်သားခန့်
  • မုံလာဥနီ - အနေတော် တဥ
  • ကြက်သွန်နီ - ဥအသေး ၄လုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • ချင်း - ခပ်ပါးပါး ၃ပြား
ပြင်ဆင်ပုံ
  • ကြံမဆိုင်ကို အငံပေါ့စေရန် ရေ တထပ်လောက် ဆေးပေးပါ
  • ဝက်သားကို ရေဆေးပြီး လက်တလုံးသာသာ အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်နီ အသေးလုံးများကို အခွံခွါပြီး ရေဆေးထားပါ
  • ကြက်သွန်နီ အနေတော်တလုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အမြှောင်းလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးကိုအပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းထည့်ပြီး ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • အနည်းငယ် နွမ်းရုံလေး ဆီသတ်ပြီးတာနဲ့ ဝက်သားကို ထည့်ကြော်ပါ
  • ဝက်သားထဲမှ ထွက်လာသော အရည်ခမ်းလာမှ ကြက်သွန်နီ ဥအသေး မုံလာဥနီ ငရုတ်သီးစိမ်း ကြံမဆိုင် ဆား အရသာမှုန့်တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အားလုံး သမပြီဆိုတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်ဥ နူးလာတဲ့အထိ တည်ပေးပါ
  • ကြက်သွန်နီဥ နူးလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြံမဆိုင်ဟင်းရည်ကို စားပွဲကို ပြင်နိုင်ပါပြီ။


No comments:

Post a Comment