Wednesday 13 September 2017

ငါးခြောက်ဟင်း




ခရမ်းချဉ်သီးနဲ့ ငါးခြောက်ကို ချဉ်စပ်လေးချက်ပြီး ထမင်းစားရတာ အရမ်းမိန်တတ်တဲ့ ဟင်းတမယ်မို့လို့ ဒီနေ့တော့ ငါးခြောက်ဆီပြန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးခြောက် - 500 g (အသားထူသော ငါးခြောက် )
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး
  3. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  4. ကြက်သွန်နီ - အလုံးကြီးကြီး ၁လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  6. ချင်း - ခပ်ပါးပါး ၂ပြား
  7. နံနံပင် - နှစ်သက်သလောက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  10. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ( လိုအပ်မှ ထည့်ပေးပါ)
  11. ဆီ - ဟင်းခတ်ဇွန်းကြီး ၁ဇွန်း

ပြင်ဆင်ပုံ

  • ငါးခြောက်ကို ခုတ်ရလွယ်စေရန်နှင့် အငံပေါ့စေရန် အကောင်လိုက် တနာရီလောက် ရေစိမ်ပေးထားပါ
  • ရေစိမ်ထားသော ငါးခြောက် ပျော့လာတာနဲ့ တလက်မသာသာလောက် အနေတော် ခုတ်ထားပေးပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
  • ငရုတ်သီးအရောင်တင်မှုန့်နှင့် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ရောထောင်းထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး  ခပ်ပါးပါးလှီးပေးပါ
  • နံနံပင်ကို ရေဆေးထားပါ
  • ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့မီးအနေတော် လျှော့ပေးပြီး ထောင်းထားသော ငရုတ်သီးအရောထောင်းတို့ကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများကျေလာပြီး အိလာတာနဲ့ ဆား အရသာမှုန့်တို့နှင့်အတူ ခုတ်ထားသော ငါးခြောက်ကို ထည့်ပေးပါ
  • ခရမ်းချဉ်သီးနှင့် ငါးခြောက်တို့ကို လုံးမိအောင် အထက်အောင် ၃ခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ၂မိနစ်လောက် တည်ပေးပါ
  • ဆီသတ်ထားချိန် အိုးမကပ်စေရန်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးခြောက်ဆီသတ်ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ငါးခြောက်က အစထဲက အငံဓါတ်ပါပြီးသား ဖြစ်တဲ့အတွက် အငံကို ချင့်ချိန်ထည့်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်တာနဲ့ နံနံပင် အုပ်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပေးပြီး နံနံပင်နံ့ သင်းနေတဲ့ ငါးခြောက်ဟင်း  ​မွှေး​မွှေး​လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

No comments:

Post a Comment