Thursday, 7 September 2017

ဟင်းချက်အနှစ်






အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် တပါတ်စာ ငရုတ်​သီးထောင်းလေး အဆင်သင့်ရစေဖို့ အားလပ်ရက်လေးမှာ ပြင်ဆင်ထားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်၊၊

တပါတ်စာအတွက် မိမိချက်မည့် ဟင်းအပေါ် မူတည်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ချင့်ချိန်ပြီး ထောင်းပေး ကြိတ်ပေးနိုင်င်ပါတယ် ဟင်းအနှစ်အရသာက တယောက်နဲ့တယောက် အကြိုက်ခြင်းမတူနိုင်တဲ့အတွက်ကြောင့် မိမိနှစ်သက်ရာ အမွှေးအကြိုင်များကိုထည့်ပြီး ထောင်းနိုင်ကြိတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငရုတ်​သီး အ​ရောင်​တင်​မှုန့်   ​ထမင်းစားဇွန်း ၄ဇွန်း
  • ကြက်​သွန်​ဖြူ အမွှာကြီးကြီး အမွှာ ၂ဝခန့် ကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်​သွန်​နီ အလုံးကြီးကြီး ၆လုံးခန့်ကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်း ၃လက်မခန့်ကို အခွံခွာပြီး ရေဆေးထားပါ 
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
  • ဗလင်​ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်​သက်​တဲ့ အ​နေအထားရ​အောင်​ ကြိတ်​ပေးပါ
  • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
  • လိုချင်သည့် အနေအထားရပါက အားလုံးအဆင်​သင့်​ ဖြစ်​တာနဲ့ တခါချက်​စာ အထုတ်​လေး​တွေကို လေလုံသော အိတ်​လေးများထဲ ထည့်​​ပေးပါ
  • ငရုတ်သီးများ ကုန်အောင်ထည့်ပြီးတာနဲ့ ဗလင်​ဒါကို ​ရေအနည်းငယ်​နဲ့ကျင်းပြီး ဟင်းချက်​ရာတွင်​ သုံးရန်​အတွက်​ ထိုအရည်​ကိုလဲ လေလုံအိတ်ထဲထည့်ကာ ​ရေခဲ​သေတ္တာထဲမှာ ထည့်ခဲထားပါ
  • တပါတ်​စာ ငရုတ်​သီးမှုန့်နှင့်​ အ​မွှေးအကြိုင်​များထည့်​ကာ ကြိတ်​ထားသော တ​ခါချက်​စာ အထုတ်​​လေး​တွေထုတ်၍ ခဲထားရန်​ အဆင်သင့်​​ရပါက ရေခဲသေတ္တာ ခဲသောအကန့်ထဲမှာ ထည့်သိမ်းထားပါ
  • ဟင်းချက်မည်ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
  • ခဲနေတာတွေ ပျော်လာပါက ဟင်းချက်ရန်အတွက် ငရုတ်သီးထောင်းကို အဆင်သင့် ရပါပြီ။

No comments:

Post a Comment