Monday, 2 October 2017

သရက်သီးစိမ်း ငါးပိထောင်း






သရက်သီး ပေါ်ကာစ သရက်သီးစိမ်းလေးတွေကို နေလှန်းလိုက် ထောင်းလိုက် အချဉ်ထည့်လိုက် သရက်ယိုထိုးလိုက်နဲ့ မျိုးစုံအောင် လုပ်စားမိလေတော့ ဒီနေ့တော့ သရက်သီးစိမ်းနဲ့ထောင်းတဲ့ ငါးပိထောင်းလေး တင်ဖူးပြီးသားလေးပေမဲ့ အသစ်ပုံလေး မြင်တိုင်း စားချင်စိတ်ပေါ်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီးစိမ်း - အလုံးကြီးကြီး တလုံး
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငရုတ်သီးအလှော်မှုန့် - စားနီူင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  2. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငါးပိကိုကပ်ကာ ကင်ပေးပါ
  3. အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  4. ငရုတ်သီးစိမ်းကို လှော်ထားပါ
  5. သရက်သီးစိမ်းကို အညှာဘက်မှ လှီးကာအစေးစင်အောင် ရေဆေးပေးပါ
  6. အစေးများ စင်သွားတာနဲ့ အခွံခွာကာ သရက်သီးခြစ်သော ခြစ်ဖြင့် ခြစ်ပေးပါ
  7. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အရင်ဆုံး ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  8. ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  9. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
  10. ပြီးတာနဲ့ ပုဇွန်ငါးပိထောင်းကို သံပုရာသီး အရည်ညှစ်ကာ စားသုံးနိုင်ပါပြီ

No comments:

Post a Comment