Friday 13 October 2017

နံနံပင်​ သိမ်းနည်း




နံနံပင်​​လေး​တွေ ​ဈေးက၀ယ်​လာတိုင်း စားတာကနည်းနည်း ပို​နေတာက များ​နေ​တော့ တခါတ​လေ အသိမ်းမတတ်​ရင်​ ၂ရက်​၃ရက်​ထက်​ ပိုပြီးမခံဘဲ နွမ်းချင်​နွမ်း မနွမ်းရင်​ ​ရော်​ပြီးပုတ်​ကုန်​တတ်​ပါတယ်။

အဲဒီလို မဖြစ်​​အောင်​ရယ်​ အနည်းဆုံး ၃ပါတ်​​လောက်​ထိ အထားခံ​အောင်​ မာမာသိမ်းတဲ့နည်း​လေး ​ပြောပါ့မယ်​​။

ဈေးက၀ယ်​လာတဲ့အတိုင်း နံနံပင်​ကို ​ရေ​ခြောက်​ မိုး​ခြောက်​​လေး ဖြစ်​​အောင်​ ​ရေခါထားပါ ​ရေစင်​ပြီ ဆိုတာနဲ့ ဆီမ​ပေဘဲ သန့်​​နေ​သော ​ကော်​ဗူးထဲကိုထည့်​ကာ အဖုံးဖုံးထားပါ ပြီးတာနဲ့ ​ရေခဲ​သေတ္တာ မခဲတဲ့ အကန့်​ထဲမှာ ထား​ပေးပါ။

လိုအပ်​လို့ ယူသုံးရင်​လဲ ဆီမ​ပေ​သောလက်​နဲ့ လိုသ​လောက်​ယူကာ ​ရေခဲ​သေတ္တာထဲမှာ အရင်​ပုံစံအတိုင်း ပြန်​ထား​ပေးပါ။

အထူးသတိပြုရမှာက​တော့ မိမိသိမ်းမဲ့ နံနံပင်​က ​ရေ​တွေအရမ်း မစို​စေဘဲ သန့်​​နေ​သော နံနံပင်​ ဖြစ်​ဖို့​တော့ လိုပါတယ်​။

No comments:

Post a Comment