Thursday 12 October 2017

သခွားသီး အချဉ်တည်နည်း







ဒီတခါတော့ ဂုံးပြုပ်နဲ့အတူ တွဲသောက်ဖို့အတွက် သခွားသီး အချဉ်လေး တည်ဖြစ်ပါတယ် နှမ်းလှော် နှမ်းဆီမွှေးမွှေးလေးနဲ့ အရမ်းကောင်းတဲ့ အချဉ်လေးမို့လို့ အဆင်ပြေမယ်ဆိုရင် အချဉ်တည်ကြည့်စေဖို့ မာမာပြင်ဆင်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - အနေတော် တစ်လုံး 
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ
  7. သံပုရာသီး - တစ်လုံး

ပြင်ဆင်ပုံ
  • သခွားသီးကို အလုံးလိုက် ရေဆေးကာ ထက်ဝက်ခြမ်းပြီး အတွင်းသား အစေ့များဖယ်ပေးကာ ခြစ်ပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းပေးကာ အရည်ညှစ်ထားပါ
  • ခြစ်ထားသော သခွားသီးထဲကို ငရုတ်သီးစိမ်း ဆားနှင့်သံပုရာရည်ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ထားသော သခွားသီးကို အ၀တ်ပါး သန့်သန့်နဲ့ ထုပ်ပေးကာ အရည်များ ထွက်သွားအောင် အပေါ်မှ အလေးနှင့် ဖိပေးထားပါ
  • အနည်းဆုံး ၃နာရီလောက် ဖိထားပေးပြီးပါက ထွက်လာသော အရည်များကို သွန်ပလိုက်ပါ
  • ပြီးတာနဲ့ ဇလုံတလုံးထဲမှာထည့်ပြီး ဆားနှင့်နယ်ကာ ၃နာရီလောက် ထားပေးပါ
  • နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သခွားသီး အချဉ်သုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment