မြန်မာပြည်မှာလို လိုချင်တဲ့အချိန် အလွယ်တကူ မရနိုင်တဲ့ အစားအသောက်တွေကို အလုပ်အားချိန်လေးမှာ ပြင်ဆင်ဖို့ မီးဖိုဆောင်လေးထဲမှာ အချိန်ကုန်တတ်ပါတယ်။
ဒီနေ့တော့ အသုပ်မျိုးစုံ သုပ်စားချင်ရင် အဆင်သင့် ရအောင်အတွက် ပဲအကျက်မှုန့် လှော်နည်းလေး မျှဝေလိုက်ပါတယ် လှော်ရတာ လွယ်ကူတယ် ထင်ရပေမဲ့ မီးအချိန်အဆ မမှန်ရင်တော့ ကျွမ်းသွားတာတို့ မကျက်တတ်တာတို့ ဖြစ်တတ်တဲ့အတွက် သတိထားပြီး လှော်စေချင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပြင်ဆင်ပုံ
- ပဲမှုန့်ကိုပိုးကောင်များ ပဲအခဲများ မပါစေရန် ဇကာစိတ်စိတ်လေးနှင့်စစ်ကာ ပြင်ထားပါ
- ခဲနေသော ပဲအခဲများကို ထဲ့မလှော်ဘဲ ဖယ်ပြစ်ပါ
- မာမာကတော့ တခါလှော်ရင် ပဲမှုန့် ၅၀၀ဂရမ် အထုတ်လေး တထုတ်စာကို လှော်ပါတယ်
- လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
- အသားပါးတဲ့ ဒယ်အိုးဆိုရင် ပဲမှုန့်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းပြီး မဲသွားတတ်ပါတယ်
- ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ပဲအစိမ်းမှုန့်ကို ထည့်ပေးကာ လှော်ပေးပါ
- မီးပြင်းရင် အရောင်မည်းပြီး ကျွမ်းလွယ်တဲ့အတွက် မီးအနေတော်နဲ့ လှော်တာ အကောင်းဆုံးပါ
- လှော်နေစဉ် အကျက်ညီစေရန်နှင့် လှော်နေစဉ် ပဲအခဲလေးများ ဖြစ်တတ်တဲ့အတွက် သစ်သားယောင်းမဖြင့် အဆက်မပြတ် မွှေမွှေပေးပြီး ဖိဖိချေပေးပါ
- ပဲမှုန့်အားလုံး ရွှေအိုရောင် သန်းလာပြီး မွှေးလာပြီဆိုရင် ဇလုံကျယ်ကျယ် (သို့မဟုတ်) လင်ဗန်း ( သို့မဟုတ်) စကောထဲကိုထည့်ပြီး အအေးခံပါ
- အအေးခံထားသော ပဲအလှော်မှုန့်များကို အသုပ်မျိုးစုံ သုပ်စားရန်အတွက် လေလုံပြီး ခြောက်သွေ့သော ဖန်ပုလင်းထဲမှာထည့်ပြီး လိုအပ်သောအချိန် သုံးနိုင်ရန် သိမ်းထားနိုင်ပါတယ်။
No comments:
Post a Comment