Tuesday 3 October 2017

မှို ကန်စွန်းရွက်ကြော်


ဘာချက်ရင် ကောင်းမလဲ စဉ်းစားမိ​လေတိုင်း စိတ်ထဲမှာ ​ပေါ်လာတာက အသီးအရွက်​ ဟင်း​လေး​တွေဘဲ ဖြစ်​​နေတတ်​ပါတယ်​ ဒါ​ကြောင့်​မို့ ဒီ​နေ့​တော့ မှိုနဲ့ကန်​စွန်းရွက်​ကို သတ်​သတ်​လွတ်​ ​ကြော်​ပြီးသကာလ ထမင်းပူပူ​လေးနဲ့ စားဖို့ပြင်​သွားလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်​။ 

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. မှို - စားနိုင်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. မှိုကို ရေဆေးပြီး သင့်တော်သလို ဖဲ့ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  5. ဆီအငွေ့ တက်လာတာနဲ့ ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  6. ဆားထည့်ပြီးတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး မှိုကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  7. ပြီးတာနဲ့ ကန်စွန်းရွက်နှင့် အချိုမှုန့်တို့ကို ထည့်ကြော်ပေးပါ
  8. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  9. အရသာ ပြင်ပေးပြီးတာနဲ့ ကန်စွန်းရွက်ကြော် ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment